စအိုဝက အသားပို
စအိုဟာ အစာခြေစနစ်ရဲ့အဆုံးသတ် အင်္ဂါဖြစ်ပြီး သူ့ရဲ့အဓိကတာဝန်က အစာဟောင်းတွေကို စွန့်ထုတ်ပေးဖို့ပါ။
ခန္ဓာရှိရင် ဝေဒနာရှိတာမို့ စအိုမှာလည်း ဖြစ်နိုင်တဲ့ ရောဂါတွေ ရှိပါတယ်။လိပ်ခေါင်း၊ ဂရင်ဂျီနာကစလို့ စအိုကင်ဆာအထိ အမျိးမျိုးရှိပါတယ်။
စအိုဝမှာ အသားပိုရှိတာကရော ရောဂါတစ်ခုလား?
ဘာတွေကြောင့် ဖြစ်နိုင်သလဲဆိုတာ ပြောပြပေးသွားမယ်နော်။
ကိုယ့်စအိုဝမှာ ရုတ်တရက် အသားပိုစမ်းမိတယ်ဆိုရင် လူတိုင်းလန့်သွားကြမှာပါပဲ။ ကင်ဆာလား၊ ဘာကြီးဖြစ်တာလဲလို့ တွေးပြီး စိုးရိမ်မိကြမှာပါပဲ။
သူက စအိုဝက အသားပိုဆိုတဲ့အတိုင်း စအိုပတ်ပတ်လည် နေရာမရွေးမှာ ဖြစ်နိုင်တဲ့ ခပ်ပျော့ပျော့ အသားပိုလေး တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ အရာလေးတွေပါ။ အဖြစ်များသလို စိုးရိမ်စရာလည်း မလိုပါဘူး။
ဘာကြောင့် ဖြစ်သလဲ?
ဝမ်းမာမာသွားတဲ့အခါ စအိုဝကွဲသွားတာကနေ အနာပြန်ကျက်တာ
အပြင်လိပ်ခေါင်းကနေ ဖြစ်တာ
စအိုနားတဝိုက်က သွေးကြောတွေ ဖောင်းနေတာ
စအိုကို မကြာခဏပွတ်တိုက်ဆေးကြောတာ စတာတွေက စအိုဝက အသားပို ဖြစ်စေတဲ့ အကြောင်းတွေပါ။
ဒါ့အပြင့်
ဆီးချိုရှိသူတွေ
အဝလွန်သူတွေ
ကိုယ်ဝန်ဆောင်တွေ
Crohn's disease လို့ခေါ်တဲ့ ရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။
မိဘမျိုးရိုးမှာ စအိုဝကအသားပိုရှိသူတွေမှာ ပိုအဖြစ်များပြီး မျိုးရိုးလိုက်တတ်တဲ့ အရာပါ။
ကျားမမရွေး၊ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ပြသလဲ?
စအိုဝမှာ အသားပိုလေးရှိတာ သိရုံ၊ စမ်းမိရုံဖြစ်ပြီး အများအားဖြင့် နာကျင်တာမျိုး မရှိပါဘူး။ တခါတလေ ယားယံတာမျိုးတော့ ရှိတတ်ပါတယ်။
အသားပိုရှိနေတာကို သိလို့ စိတ်မသက်မသာဖြစ်တာ၊ နေရထိုင်ရ မသက်မသာဖြစ်တာမျိုးတော့ ရှိနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေလည်း မရှိပါဘူး။
လိပ်ခေါင်းရောဂါနဲ့ မှားနိုင်ပေမယ့် လိပ်ခေါင်းလို နာကျင်တာ၊ ဝမ်းသွားရင် သွေးထွက်တာမျိုး မဖြစ်ပါဘူး။
စအိုဝမှာ ထွက်တတ်တဲ့ ကြွက်နို့နဲ့လည်း မှားတတ်ကြပေမယ့် ကြွက်နို့က အဖြူရောင်၊ အနီရောင်၊ မီးခိုးရောင်ဖျော့ဖျော့ အနေနဲ့ တွေ့ရတတ်ပြီး အသားပိုကတော့ စအိုရဲ့ အရောင်အတိုင်းပဲမို့ ခွဲခြားရလွယ်ပါတယ်။
ဘယ်လိုသိနိုင်မလဲ?
တစ်နေ့ကို ဝမ်းဘယ်နှကြိမ်သွားသလဲ
တစ်ခါသွားရင် ဘယ်လောက်ကြာသလဲ
ဝမ်းချုပ်တတ်သလား၊ ဝမ်းမာမာတွေ သွားသလား
အမျှင်ဓာတ်များတဲ့အစာနဲ့ ဖြည့်စွက်တာတွေ စားရဲ့လား စတာတွေပေါ်မူတည်ပြီး စအိုကို စမ်းသပ်စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်။
ကုသမှု...
ကုသမှုအနေနဲ့ကတော့ ဖြစ်ရတဲ့အကြောင်းရင်းကို အရင်ကုသရပါမယ်။
ဥပမာ လိပ်ခေါင်းရှိရင်၊ စအိုကွဲနာရှိရင် ကုသတာမျိုးက စအိုဝမှာ အသားပိုတွေ ထပ်မဖြစ်အောင် ကာကွယ်ပေးမှာပါ။
ရှိပြီးသား အသားပိုကိုတော့ ခွဲစိတ်ပြီး ဖယ်ရှားလို့ရပါတယ်။
ခါးရိုးထုံဆေးထိုးပြီး မိနစ်အနည်းငယ်သာကြာတဲ့ ခွဲစိတ်မှုမျိုးပါ။
ခွဲပြီးရင် နောက်ထပ်မဖြစ်အောင် အမျှင်ဓာတ်များများပါတဲ့ အသီးအရွက်တွေ များများစားပါ။ ရေများများသောက်ပါ။ ဝမ်းမချုပ်အောင် ကာကွယ်ပါ။
စအိုဝကို အလွန်အမင်းပွတ်တိုက်ဆေးကြောခြင်းမှ ရှောင်ပါ။
စအိုဝက အသားပိုက လူအများစုမှာ ရှိနေနိုင်တာမို့ စိတ်ပူစရာမလိုပါဘူး။ မဖယ်ရှားဘဲ ဒီအတိုင်းထားလည်း နေရအနည်းငယ်ခက်ရုံကလွဲလို့ ဘာမှ မဖြစ်တာမို့ မိတ်ဆွေတို့မှာ ရှိနေခဲ့ရင်လည်း မစိုးရိမ်ကြပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
နန်းမင်း 04 Jun 2023 |
ကျေးဇူးပါ
maung maung aye 06 Jan 2024 |
ဆရာ ကျနော်က မလေးရှားမာပါ စအုိနားမာ အဖုလေးနစ်ခုရှိပါတေ အခက်တွေအများကြီးကြုံတွေရပါတေ နာကျင်တာမျိုးတော့မဟုပါ ကျနော်က lgbtတယောက်ပါ ရည်းစားထားတဲ့အခါ စွန့်ပစ်ခံရတာမျိုးတွေရှိပါတေ ဆရာ
aungtun 22 Feb 2024 |
စအိုဘေးမာအသားစုပျောပျောလေးရှိတာသတိထားမိလိုက်ပါနောက်ဝမ်းချုပ်ချင်းဝမ်းမာသွားချင်အရင်ကဖစ်ဖူးပါတယ်သိပီနောက်ပိုင်ပုံမှန်အတိုင်မဖစ်အောင်ရှောင်းပါတယ်အခုဝမ်းမှန်ဝမ်းပျော့နေပါပီ ထို့အဖုမာဘာဖစ်နိုင်လည်ရှင်းပြပေးပါဗျ.ေသွေးထွက်ချင်းနာကျင်ချင်းမရှိပါနဲနဲပါးပါးတော့ယားသလိုပဲ ပျောက်ဿ်အောင်ဘယ်လိုကုသရနိုင်မလည်ဗျ😘
Oo hla myint 09 Mar 2024 |
ယားယံသလိုပါ..စအိုအောက်ဆုံးနားမာပါ..စိုးစိမ်စရာမရှိဘူးဆိုလဲကျေနပ်ပါပြီ